ရှအိမ်တော်ရဲ့ တရားမဝင်သွေးသားဖြစ်တဲ့ ရှယန်ဟာ နာမကျန်းတဲ့မိခင်ဖြစ်သူကို ဆေးကုသနိုင်ဖို့အတွက် ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေရာက ကုအိမ်တော်ရဲ့သခင်လေး ကုဟွိုင်ကျစ်နဲ့ မတော်တဆမှားခဲ့ကြပါတယ်
ရှယန်ဘက်က ကုဟွိုင်ကျစ်ကို သူ့ရဲ့ချစ်သူအဖြစ် သတ်မှတ်ထားပေမယ့် ကုဟွိုင်ကျစ်အတွက်ကတော့ ငွေပေးလူယူတဲ့ သဘောတူစာချုပ်ထဲကမိန်းမတစ်ဦးအဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ်
သူတို့နှစ်ဦးကြားစာချုပ်ဖျက်သိမ်းပြီး နောက်တစ်နေ့မှာတော့ သူအထင်သေးခဲ့တဲ့ရှယန်ဟာ သူ့တူအရင်းရဲ့ ဇနီးလောင်းအဖြစ်နဲ့ အိမ်ကို ရောက်လာခဲ့တဲ့အခါ…
ကိုယ့်အပိုင်လို့သတ်မှတ်ပြီး တန်ဖိုးမထားခဲ့တဲ့အရာတစ်ခုကို ရုတ်တရက်ဆုံးရှုံးလိုက်ရချိန်မှာ ကုဟွိုင်ကျစ် ဘယ်လိုတုံ့ပြန်မလဲ?
ရှယန်ကရော ကိုယ့်ကိုတန်ဖိုးမထားတဲ့သူကို အချစ်တစ်ခုတည်းအတွက် ဆက်ပြီး လက်တွဲနေဦးမှာလား?
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးလို့ ပြောရလောက်အောင် တိုက်တိုက်ဆိုင်ဆိုင်ဆုံစည်းလာတဲ့သူတို့ရဲ့ကံကြမ္မာလမ်းခွဲတွေကြားထဲ သူတို့ဘယ်လိုရွေးချယ်ကြမလဲ?
ဦးလေးရော တူရော အရမ်းဆင်လွန်းတဲ့အပြင် ဦးလေးဖြစ်သူရဲ့ dorminant ဖြစ်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကိုပါ ငမ်းခွင့်ရမှာမို့ မင်မင်တို့ Yoyar Family က တင်ဆက်ပေးလိုက်တဲ့ “စကားမပြောသောအချစ်” ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင်