ဒီတစ်ခါကတော့ နှစ်ထပ်ကွမ်းပြန်လည်မွေးဖွားတဲ့ဇာတ်လမ်းပဲ ဒီဘက်ခေတ်ရဲ့ ဒေါက်တာမလေး ကုဝမ်ချင်းဟာ ဆေးသေတ္တာနဲ့အတူ ရှေးခေတ်ကို ပြန်ရောက်သွားပြီး အိမ်ရှေ့စံမင်းသား လင်ချီးယဲ့ရဲ့ မိဖုရားဖြစ်ခဲ့ပါတယ် ဒါပေမယ့် အိမ်ရှေ့စံက ကုဝမ်ချင်းကို ချစ်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာမဟုတ်ဘဲ ကုဝမ်ချင်းရဲ့ နောက်ခံအင်အားကိုအသုံးချပြီး အာဏာရယူဖို့ လက်ထပ်ခဲ့တာဖြစ်ပါတယ် ကုဝမ်ချင်းဟာ အိမ်ရှေ့စံအပေါ် မေတ္တာမှန်ခဲ့ပေမယ့် သစ္စာဖောက်ခြင်းခံရတဲ့အပြင် အစ်မလုပ်သူရဲ့ အကောက်ကြံမှုကိုခံရ၊ မိမိအပေါ် အချစ်စစ်နဲ့ချစ်တဲ့ မင်းသား လင်စန်းချန်ကိုပါ ဆုံးရှုံးရပြီး သေသွားခဲ့ရပါတယ် ကုဝမ်ချင်းတစ်ယောက် ရှေးခေတ်မှာပဲ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခွင့်ရလာတဲ့အခါ…
ကုဝမ်ချင်း အိမ်ရှေ့စံနဲ့ အစ်မဖြစ်သူ ကုယာအာတို့အပေါ်အာဃာတတွေ ဘယ်လိုဖြေဖျောက်မလဲ?
သူ့အပေါ်မေတ္တာမှန်နဲ့ချစ်တဲ့ ဝမ်ယယ်လင်စန်းချန်ကိုရော ဘယ်လိုလက်လွတ်မခံရအောင် ကြိုးစားမလဲဆိုတာတွေကို မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “အသစ်တစ်ဖန်မွေးဖွားခြင်း” ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်