မိသားစုရဲ့ဖိအားကြောင့် စိတ်ညစ်နေချိန် သူငယ်ချင်းတွေစီစဉ်မှုကြောင့် d.a.t.e girl နဲ့ တွေ့ဖို့ဟိုတယ်လာတဲ့ ဟဲဝမ်ကျင်း
အဘိုးလုပ်သူက စီစဉ်ပေးတဲ့ အသက်ကြီးကြီး ဟဲဥက္ကဌနဲ့ လက်မထပ်ချင်လို့ အငှားသရုပ်ဆောင်ရှာပြီး လက်ထပ်မယ့် ရှီနင်နင်
အလွဲအချော်တွေဖြစ်ပြီး နှစ်ဦးသား ဆုံမိသွားကြရာမှ လက်ထပ်ဖြစ်သွားခဲ့ကြပါတယ် နှစ်ဖက်မိဘတွေ စီစဉ်ပေးထားကြတာလည်း သူတို့နှစ်ဦးကိုပဲဆိုတာကိုတော့ ဟဲဝမ်ကျင်းရော ရှီနင်နင်ပါ မသိကြသေးပါဘူး
ဒါဖြင့် သူတို့နှစ်ဦးဘယ်လိုမျိုး တစ်ယောက်နဲ့တစ်ယောက် သိလာကြမလဲ? အဖြစ်မှန်ကို သိနေတဲ့ ရှီနင်နင်ရဲ့ဘိုးဘိုးကရော ဘာတွေစီစဉ်ပေးမလဲ?
မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “စစ်မှန်သော ဖူးစာရှင်” ဇာတ်လမ်းတွဲလေးထဲမှာ ရင်ခုန်ခံစားကြည့်လိုက်ကြရအောင်