ဟော့ကျိန်းကျူးဟာ သားဖြစ်သူကို အရမ်းချစ်တဲ့မိခင်တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ မိုက်မဲသမျှကို ဒိုင်ခံဖြေရှင်းလေ့ရှိပါတယ် သားဖြစ်သူ ဟော့ရူချန်ကတော့ လက်ရှိဇနီးဖြစ်သူ ရှင်းယွဲကို သစ္စာဖောက်ပြီး အိမ်တော်ထိန်းရဲ့သမီး စွန်းချင်းယာနဲ့ ဖောက်ပြန်နေခဲ့ပါတယ်
နောင်တဆိုတာ နောင်မှရတတ်တဲ့သဘောရှိတဲ့အတိုင်း သားဖြစ်သူကို အချစ်ပိုကာ ချွေးမ ရှင်းယွဲကို စွန့်ပစ်ပြီး သားရဲ့သဘောအတိုင်း စွန်းချင်းယာနဲ့ လက်ထပ်ပေးခဲ့တဲ့ ယောက္ခမကြီး ဟော့ကျိန်းကျူးတစ်ယောက် သေခါနီးအချိန်မှ နောင်တအသိတရားရလာသောအခါ…