“ကျေးဇူးရှိလို့ ကျေးစွပ်တာ”ဆိုတဲ့စကားဟာ နယ်ဆရာဝန်လေး လီယုံအတွက်တော့ thwayထွက်အောင်မှန်နေပါတယ်
လီယုံဟာတိုင်းရင်းသမားတော်တစ်ယောက်ဖြစ်ပြီး မိမိနေထိုင်တဲ့ရပ်ရွာကို ဆေးဝါးနဲ့ အကျိုးပြုနေသူဖြစ်ပါတယ် ငွေကြေးမတတ်နိုင်သူရော တတ်နိုင်သူကပါ ဆေးဖိုးဝါးခအကြွေးထားကြတဲ့အတွက် ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး လီယုံရဲ့ဇနီးဖြစ်သူက လီယုံကို ကွာရှင်းသွားခဲ့ပါတယ် ထိုအခါ သမီးဖြစ်သူကို ကျောင်းထားနိုင်ဖို့ လီယုံတစ်ယောက် ဆေးဖိုးဝါးခအကြွေးတောင်းထွက်ရပါတော့တယ်
“ကြွေးယူပြုံးပြုံး တောင်းတော့မုန်း”တဲ့ ရစရာရှိတဲ့ဆေးဖိုးဝါးခအကြွေးတွေ ပြန်တောင်းတဲ့အခါမှာတော့ ကျေးဇူးကန်းတတ်တဲ့ လူ့သဘာဝကို လီယုံတစ်ယောက် ကိုယ်တွေ့ကြုံရပါပြီ မိမိအသက်ကယ်ပေးခဲ့တဲ့ကျေးဇူးတရားကိုမထောက်ဘဲ အုပ်စုလိုက်ချောက်ချပြီး တရားပြန်စွဲတာကို ရင်ဆိုင်ရတဲ့အခါ…
ဒီ”ပြိုင်ဖက်ကင်းနတ်ဆေးဆရာ”ဆိုတဲ့ဇာတ်လမ်းလေးကို မင်မင်တို့ Yoyar Family ကနေ တင်ဆက်နေပြီမို့လို့ အမြန်ဆုံး ဝင်ကြည့်ဖို့ မမေ့လိုက်နဲ့နော်