အချိန်ကူးပြောင်းတဲ့ကားတွေကြည့်တဲ့အခါ ဟိုဘက်ခေတ်ကနေ ဒီဘက်ခေတ် ရောက်လာတာတို ဒီဘက်ခေတ်ကနေ ဟိုဘက်ခေတ် ရောက်သွားတာတိုတွေပဲ အတွေ့များကြလိမ့်မယ်ထင်တယ်နော် ဒီတစ်ခေါက်ဇာတ်လမ်းကတော့ တမျိုးလေးပဲ ဟိုဘက်ဒီဘက်ကူးတာမျိုး မဟုတ်ဘဲနဲ့ ဟိုဘက်ခေတ်ဒီဘက်ခေတ်ကို အသွားအလာကူးလိုရတဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်အထက်က တာ့ကျိုးပြည်မှာ ဧကရီဘုရင်မတစ်ပါး အုပ်စိုးခဲ့ဖူးပါတယ် အဲဒီတာ့ကျိုးပြည်မှာပဲ ရှန်းဝမ်ဆိုတဲ့ Time Traveller တစ်ယောက်ဟာ အဲဒီခေတ်ကာလထက် ပိုဆန်းကြယ်တဲ့ပစ္စည်းတွေကို တီထွင်ရင်း ဘုရင်မရော ပြည်သူပြည်သားတွေအပေါ်ပါ လူလည်ကျနေခဲ့တာ အတော်ကြာပါပြီ
တစ်နေ့မှာတော့ ဘုရင်မဟာ သူ့ခမည်းတော်ချန်ပေးခဲ့တဲ့ ကျောက်စိမ်းတစ်ဝက်ကို ကုတင်ခေါင်းရင်းမှာ ချိတ်လိုက်ရာကနေ ဒီဘက်ခေတ်ရဲ့ စတိုးဆိုင်ပိုင်ရှင်လေး ရှောင်းရန်နဲ့ အိပ်ရာချင်းဆက်သွားခဲ့ပါတယ်
ဘုရင်မနဲ့ရှောင်းရန် ဘယ်လိုတွေနားလည်မှုယူပြီး ရှန်းဝမ်ကို ရင်ဆိုင်ကြမလဲ ရှန်းဝမ်ကရော ဘုရင်မရဲ့လျိုဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ဖိုကြိုးစားမလဲဆိုတာကို မင်မင်တို Yoyar Family ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် နှစ်ပေါင်းထောင်ချီကွာခြားနေတဲ့ ဘုရင်မနဲ့ ရှောင်းရန်တိုရဲ့အချစ်သံယောဇဉ်ကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို “ကမ္ဘာခြားတဲ့ ချစ်ခြင်း”ဇာတ်လမ်းတွဲလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်လိုက်ရအောင်နော်