ကျန်းဝမ်ဟာ ကျန်းအုပ်စုရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယောက်ျားတွေကို အားမကိုးဘဲ မိမိအစွမ်းအစနဲ့ စီးပွားရေးကိုပဲ တစိုက်မတ်မတ်ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပါ ကျန်းဝမ်ဟာ အလုပ်ဆွေးနွေးပွဲတစ်ခုမှာ အမူးလွန်သွားရာက သူစိမ်းယောက်ျားတစ်ယောက်နဲ့ အတူနေမိသွားခဲ့ပါတယ် နောက်တစ်နေ့ ကျိအုပ်စုဆီ အလုပ်ကိစ္စ သွားဆွေးနွေးရင်းမှ မိမိနဲ့အလုပ်ကိစ္စ အကျိုးတူပူးပေါင်းမယ့် တစ်ဖက်ကုမ္ပဏီဥက္ကဌဟာ မနေ့ညက အတူအိပ်မိခဲ့တဲ့ အမျိုးသားဖြစ်နေမှန်းသိလိုက်ရပါတယ်
အရည်အချင်းရှိပြီး ဩဇာကြီးတဲ့ဥက္ကဌနဲ့ ထက်မြက်ပြီး ကိုယ့်ထူးကိုယ်ချွန်လိုတဲ့ ကျန်းဝမ်တို့ကြား အချစ်လေပြေလေး သိမ်သိမ်မွေ့မွေ့ တိုးဝင်လာတဲ့အခါ…