အမုန်း၌ဖြစ်တည်သော အချစ် wai yan, April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Series
Series ချိုမြိန်သောအချစ် May 3, 2025 နာမည်ကျော်ရှန်အုပ်စုရဲ့ဥက္ကဌမှာလူသိရှင်ကြားချမပြရသေးဘဲတရားဝင်ယူထားတဲ့ရှန်ယိုယိဆ်ိတဲ့ဇနီးသည်တစ်ယောက်ရှိပါတယ်တစ်နေ့ရှန်သခင်မကြီးနေမကောင်းလိုရှန်ကတော်ကကုမ္ပဏီကိုယာယီတာဝန်ယူရချိန်မှာအသစ်ရောက်လာတဲ့ဒီဇိုင်နာနဲ့ရှန်ကတော်ကိုလူမှားသွားခဲ့ကြပါတယ် ဒါ့အပြင် ဒီဇိုင်နာအသစ်ရဲ့ ပြောစကားအရ ဥက္ကဌကတော်မှာ လူသိမခံနိုင်တဲ့နောက်ကြောင်းရှိနေကြောင်းပါ သိလိုက်ရပါတော့တယ် အရင်ကတည်းကမှ မသင့်မြတ်ခဲ့တဲ့ချွေးမနဲ့ယောက္ခမဆက်ဆံရေးမှာ အခုလို လျိုဝှက်ထားတဲ့နောက်ခံတွေပါဝင်လာတဲ့အခါမှာတော့ ရှန်ဥက္ကဌ ဘယ်လိုဆုံးဖြတ်မလဲ? တစ်ဖက်က မိဘ၊ တစ်ဖက်က ဇနီးသည် အချစ်ရဆုံးလူနှစ်ယောက်ကြား ရှန်ဥက္ကဌရွေးချယ်ရခက်လာခဲ့ရပါပြီ မင်မင်ဒီဇာတ်လမ်းမှာ သဘောကျတာက ဗီလိန်မင်းသမီးရဲ့သရုပ်ဆောင်ချက်တွေပဲ ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျတွေနဲ့ အသဲတယားယားကြည့်ရမယ့်ဇာတ်လမ်းတစ်ခုလိုပြောရင်လည်း မမှားပါဘူး ဇာတ်လိုက်မင်းသမီးနဲ့ ဗီလိန်တိုရဲ့အားပြိုင်မှုတွေကို တဝကြီးကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “ချိုမြိန်သောအချစ်” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ခံစားကြည့်ရှုနိုင်ပါတယ် Read More
Series အသစ်တစ်ဖန်မွေးဖွားခြင်း May 6, 2025 ဒီတစ်ခါကတော့ နှစ်ထပ်ကွမ်းပြန်လည်မွေးဖွားတဲ့ဇာတ်လမ်းပဲ ဒီဘက်ခေတ်ရဲ့ ဒေါက်တာမလေး ကုဝမ်ချင်းဟာ ဆေးသေတ္တာနဲ့အတူ ရှေးခေတ်ကို ပြန်ရောက်သွားပြီး အိမ်ရှေ့စံမင်းသား လင်ချီးယဲ့ရဲ့ မိဖုရားဖြစ်ခဲ့ပါတယ် ဒါပေမယ့် အိမ်ရှေ့စံက ကုဝမ်ချင်းကို ချစ်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာမဟုတ်ဘဲ ကုဝမ်ချင်းရဲ့ နောက်ခံအင်အားကိုအသုံးချပြီး အာဏာရယူဖို့ လက်ထပ်ခဲ့တာဖြစ်ပါတယ် ကုဝမ်ချင်းဟာ အိမ်ရှေ့စံအပေါ် မေတ္တာမှန်ခဲ့ပေမယ့် သစ္စာဖောက်ခြင်းခံရတဲ့အပြင် အစ်မလုပ်သူရဲ့ အကောက်ကြံမှုကိုခံရ၊ မိမိအပေါ် အချစ်စစ်နဲ့ချစ်တဲ့ မင်းသား လင်စန်းချန်ကိုပါ ဆုံးရှုံးရပြီး သေသွားခဲ့ရပါတယ် ကုဝမ်ချင်းတစ်ယောက် ရှေးခေတ်မှာပဲ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခွင့်ရလာတဲ့အခါ… ကုဝမ်ချင်း အိမ်ရှေ့စံနဲ့ အစ်မဖြစ်သူ ကုယာအာတို့အပေါ်အာဃာတတွေ ဘယ်လိုဖြေဖျောက်မလဲ? သူ့အပေါ်မေတ္တာမှန်နဲ့ချစ်တဲ့ ဝမ်ယယ်လင်စန်းချန်ကိုရော ဘယ်လိုလက်လွတ်မခံရအောင် ကြိုးစားမလဲဆိုတာတွေကို မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့… Read More