အမတတစ်ပါးရဲ့အိမ်ပြန်ခရီး

မဟာရှား(သ့ရှား)တိုင်းပြည်ဟာ ပြင်ပက ကျူးကျော်လာသူတွေရဲ့ ရန်ကြောင့် မတည်မငြိမ်ဖြစ်နေပြီး ပြည်ပျက်ကိန်းကြုံနေရပါတယ် ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တာကတော့ ဓားဂိုဏ်းရဲ့ကနဦးဂိုဏ်းချုပ်ထားခဲ့တဲ့ တော်ဝင်ဓား၊ တစ်မိုးအောက်မှာ စွမ်းအားအကြီးဆုံးအိမ်တော်သခင်ယန်ပေါ်ကုန်းရဲ့ မိသားစုစာအုပ်၊ ဖန့်ယွမ်ရဲ့သ့ရှားတော်ဝင်တံဆိပ်ပြားဆိုတဲ့ နတ်လက်နက်သုံးမျိုးပဲဖြစ်ပါတယ် ဒါ့အပြင် ဒီလက်နက်တွေကို အသက်သွင်းနိုင်ဖို့အတွက် ‌နတ်စွမ်းအင်ထုတ်ပေးနိုင်မယ့်သူလည်း လိုအပ်နေပါသေးတယ် ဒီအတွက်ကြောင့် သ့ရှားအင်အားစုသုံးစုက နတ်စွမ်းအင်ပိုင်ရှင်ကို ရှာဖွေနေခဲ့ပါတယ်

လက်ရှိအချိန်မရောက်ခင်ဆယ်နှစ်က အမတတစ်ပါးဟာအမတဘုံပြန်သွားဖို့ပြင်ရင်း ဒဏ်ရာရသွားခဲ့ပါတယ် ဒါကြောင့် ဟိုင်မြို့မှာရှိတဲ့ မုရုံချင်းယွမ်က ကယ်တင်ပေးခဲ့ပေမယ့် နားလည်မှုလွဲမှားပြီး နန်ကုန်းယန်ရန်ကယ်တင်ပေးခဲ့တဲ့ထင်တဲ့အတွက် နန်ကုန်းယန်ရန်နဲ့ လက်ထပ်ဖြစ်ခဲ့ပါတယ် ဆယ်နှစ်ကြာလာပြီးတဲ့နောက်မှာ အမတဘုံပြန်သွားဖို့ ပြင်ဆင်တဲ့အခါ ဘာအပြောင်းအလဲတွေဖြစ်သွားမလဲ? ကျေးဇူးရှင်မုရုံချင်းယွမ်ကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်မလဲ? တိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ ထာဝရရှင်သန်နိုင်တဲ့ အမတတစ်ပါးဖြစ်နေသူ ရွှီဟုန်ကိုရော လူတွေက ယုံကြည်ကြပါ့မလား??

ရှန်းရှဇာတ်လမ်းတွေလည်းကြည့်ချင်တယ် ဇာတ်လမ်းရှည်လွန်းတာလည်း မကြိုက်ဘူးဆိုရင်တော့ ဒီဇာတ်လမ်းလေးကိုကြည့်ဖို့ အကြံပေးချင်ပါတယ် တရုတ်ဒရာမဇာတ်လမ်းတွေထဲ ရှန်းရှအငွေ့အသက် ပါးပါးလေးပုတ်ထားတာမို့လို့ အနည်းငယ်အလွမ်းပြေနိုင်မှာကတော့ အသေအချာပါပဲ ဒါကြောင့် မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမတတစ်ပါးရဲ့ အိမ်ပြန်ခရီး”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်

0:00 / 0:00

ဇာတ်လမ်းတွဲများ မရှိပါ။