Skip to content
YoYar VIP
YoYar VIP

  • Home
  • Series
  • VIP Premium
  • Login
  • Register
YoYar VIP

ချမ်းသာခြင်းနတ်ဘုရားမလေး

wai yan, April 9, 2025

ကောင်းကင်ဘုံပေါ်က အားလုံးရဲ့အချစ်ခံ ချမ်းသာခြင်းနတ်ဘုရားမလေးဟာ အရင်ဘဝကပျောက်ဆုံးသွားခဲ့တဲ့မိဘတွေကိုရှာဖွေဖို့ လူ့လောကကို ဆင်းလာခဲ့ပါတယ် လူ့လောကမှာတော့ မိဘတွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဖြစ်ကြသေးဘဲ ပင်ပန်းဆင်းရဲစွာ ဘဝကို ရုန်းကန်နေရရှာပါတယ်

ဖခင်ဖြစ်သူချန်ကျန့်ကတော့ လက်ရှိမှာ စုန့်ဝိန်ယွီဆိုတဲ့ ချစ်သူကောင်မလေးကိုအမ်းဖို့ လုံခြုံရေးအစောင့်လုပ်ရင်း ပင်းပန်းစွာငွေရှာနေရပါတယ်

မိခင်ဖြစ်သူလျိုချင်းယာကတော့ ဖန်းဟောက်အင်တာနေရှင်နယ်ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ အသားယူအနိုင်ကျင့်တာတွေ ခံနေရပါတယ်

ဒီလိုမျိုး နိမ့်ပါးတဲ့အခြေအနေကိုရောက်နေတဲ့ဖခင်နဲ့ မိခင်ကို ချမ်းသာခြင်းနတ်ဘုရားမလေး ချိုက်ချိုက် ဘယ်လိုကယ်တင်ပေးမလဲဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ချမ်းသာခြင်းနတ်ဘုရားမလေး” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်

Series

Post navigation

Previous post
Next post

Related Posts

Series

အမတတစ်ပါးရဲ့အိမ်ပြန်ခရီး

April 9, 2025April 19, 2025

မဟာရှား(သ့ရှား)တိုင်းပြည်ဟာ ပြင်ပက ကျူးကျော်လာသူတွေရဲ့ ရန်ကြောင့် မတည်မငြိမ်ဖြစ်နေပြီး ပြည်ပျက်ကိန်းကြုံနေရပါတယ် ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တာကတော့ ဓားဂိုဏ်းရဲ့ကနဦးဂိုဏ်းချုပ်ထားခဲ့တဲ့ တော်ဝင်ဓား၊ တစ်မိုးအောက်မှာ စွမ်းအားအကြီးဆုံးအိမ်တော်သခင်ယန်ပေါ်ကုန်းရဲ့ မိသားစုစာအုပ်၊ ဖန့်ယွမ်ရဲ့သ့ရှားတော်ဝင်တံဆိပ်ပြားဆိုတဲ့ နတ်လက်နက်သုံးမျိုးပဲဖြစ်ပါတယ် ဒါ့အပြင် ဒီလက်နက်တွေကို အသက်သွင်းနိုင်ဖို့အတွက် ‌နတ်စွမ်းအင်ထုတ်ပေးနိုင်မယ့်သူလည်း လိုအပ်နေပါသေးတယ် ဒီအတွက်ကြောင့် သ့ရှားအင်အားစုသုံးစုက နတ်စွမ်းအင်ပိုင်ရှင်ကို ရှာဖွေနေခဲ့ပါတယ် လက်ရှိအချိန်မရောက်ခင်ဆယ်နှစ်က အမတတစ်ပါးဟာအမတဘုံပြန်သွားဖို့ပြင်ရင်း ဒဏ်ရာရသွားခဲ့ပါတယ် ဒါကြောင့် ဟိုင်မြို့မှာရှိတဲ့ မုရုံချင်းယွမ်က ကယ်တင်ပေးခဲ့ပေမယ့် နားလည်မှုလွဲမှားပြီး နန်ကုန်းယန်ရန်ကယ်တင်ပေးခဲ့တဲ့ထင်တဲ့အတွက် နန်ကုန်းယန်ရန်နဲ့ လက်ထပ်ဖြစ်ခဲ့ပါတယ် ဆယ်နှစ်ကြာလာပြီးတဲ့နောက်မှာ အမတဘုံပြန်သွားဖို့ ပြင်ဆင်တဲ့အခါ ဘာအပြောင်းအလဲတွေဖြစ်သွားမလဲ? ကျေးဇူးရှင်မုရုံချင်းယွမ်ကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်မလဲ? တိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ ထာဝရရှင်သန်နိုင်တဲ့ အမတတစ်ပါးဖြစ်နေသူ ရွှီဟုန်ကိုရော လူတွေက ယုံကြည်ကြပါ့မလား?? ရှန်းရှဇာတ်လမ်းတွေလည်းကြည့်ချင်တယ်…

Read More
Series

ပါရမီရှင်ကျောင်းသူလေး

April 24, 2025

ပရိသတ်တို့ထဲမှာ ပညာရေးထူးချွန်ပါလျက်နဲ့ မိသားစုအတွက် တက်လမ်းကို လက်လွှတ်ခဲ့ဖူးတဲ့သူတွေရှိလား?? တကယ်လို့ ရှိခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းလေးက မိတ်ဆွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေမှာပါ ကျန်းဖျင်ဟာ သင်္ချာမှာ သူမတူအောင် ထူးချွန်တဲ့ပါရမီနဲ့ မွေးဖွားလာခဲ့တဲ့ကျောင်းသူလေးဖြစ်ပေမယ့် မိသားစုအတွက် အနစ်နာခံပြီး ခရိုင်ရဲ့အဆင့်အနိမ့်ဆုံး သက်မွေးအလယ်တန်းကျောင်း တက်နေတဲ့သူလေးဖြစ်ပါတယ် ခြေတစ်ဖက်မသန်တဲ့အဖေ ကျောင်းနေရတော့မယ့်ညီမလေးကိုငဲ့ပြီး ပညာရေးညံ့ဟန်ဆောင်ကာ ဘာသာတိုင်းမှာ အောင်မှတ်ဖိုးပဲ ဖြေခဲ့တဲ့သူ့အတွက် တစ်နေ့မှာ မထင်မှတ်ဘဲ အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါတော့တယ် အဲဒီအခွင့်အလမ်းကတော့ “တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ” ဝင်ခွင့်ဖြစ်ပါတယ် ပြိုင်ပွဲမှာ အနိုင်ရရင် ဖခင်နဲ့ ညီမလေးတင်မကဘူး မိမိဘဝပါ အဆင်ပြေချောမွေ့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကို ကျန်းဖျင်ဘယ်လိုအားစိုက်ပြီးပြိုင်မလဲ? တာ့ရှားခရိုင်ရဲ့ အနိမ့်ဆုံးကျောင်းမှာတောင် အနိမ့်ဆုံးအမှတ်ရနေကျကျောင်းသူတစ်ယောက်က တာ့ရှားကိုယ်စားပြုပြီး နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ…

Read More
Series

မိန်းမကို သူဌေးသမီးမှန်းမသိဘဲ နောက်မီးလင်းမိတဲ့ယောင်္ကျား

May 7, 2025May 8, 2025

မိန်းမကို သူဌေးသမီးမှန်းမသိဘဲ နောက်မီးလင်းမိတဲ့ယောက်ျား . Yoyar ဖန်လေးများအတွက် စီးရီးသစ် ဖြစ်တဲ့ မိန်းမကို သူဌေးသမီးမှန်းမသိဘဲ နောက်မီးလင်းမိတဲ့ယောက်ျားဇာတ်လမ်းလေးကို တင်ဆက်ပေးသွားပါမယ်နော် . ကျန်းလီဟာ နာမည်ကျော်ကျန်းအုပ်စုရဲ့ သခင်မလေးဖြစ်ပေမယ့် ချစ်ရသူ လုချုံးကျင်နဲ့လက်ထပ်ဖို့အတွက် မိသားစုကိုပါ စွန့်ပစ်ထားခဲ့သူပါ တစ်နေ့ မိမိတို့ဇနီးမောင်နှံအတွက် ပထမဦးဆုံး ကိုယ်ဝန်လွယ်ထားရချိန်မှာပဲ ခင်ပွန်းဖြစ်သူ လုချုံးကျင်က ရည်းစားဟောင်းနဲ့ဖောက်ပြန်ကာ ကိုယ်ဝန်ပါရှိနေကြောင်း သိလိုက်ရပါတယ် အရာအားလုံးကို စွန့်ပစ်ပြီး ချစ်ခဲ့ရပေမယ့် သစ္စာဖောက်ခြင်းသာ ခံလိုက်ရတဲ့ ကျန်းလီခမျာ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်လာသောအခါ… ကျန်းလီကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တာက တကယ်ပဲ ခင်ပွန်းဖြစ်သူ လုချုံးကျင်လား? ဒါမှမဟုတ် မသိနိုင်တဲ့ လှည့်ကွက်တွေ ရှိနေဦးမှာလားဆိုတာကိုတော့ မင်မင်တို့ Yoyar Family က…

Read More

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2025 YoYar VIP | WordPress Theme by SuperbThemes

YoYar VIP

Install