ပျောက်ဆုံးသွားသော သတိုသမီး wai yan, April 9, 2025 လျန်ယွင်ကဲဟာ အပူအပင်မရှိ ကြောင့်ကြစရာမရှိတဲ့ မိန်းကလေးတစ်ယောက်ပါ နွေးထွေးကြင်နာတတ်တဲ့အစ်မဖြစ်သူ မုယွဲ့ဖူနဲ့ အသေးစိတ်ကအစဂရုစိုက်ပေးတတ်ပြီး သူ့ကိုအရမ်းချစ်တဲ့ သတို့သားလောင်း စူးယိကိုပါ ပိုင်ဆိုင်ထားတာမို့ ဘဝက အရာရာပြည့်စုံနေတယ်လို့ ပြောလို့ရပါတယ် တစ်နေ့မှာ အစ်မဖြစ်သူ မုယွဲ့ဖူတစ်ယောက် လျန်ယွင်ကဲရှေ့မှောက်မှာတင် တိုက်ပေါ်က တွန်းချခံရပြီး သေဆုံးသွားခဲ့ပါတယ် ဒါ့ကြောင့်အစ်မဖြစ်သူ လုပ်ကြံခံရတဲ့အဖြစ်အပျက်ကို သိလိုတာမို့ လျန်ယွင်ကဲဟာ သူ့ကိုယ်သူမုယွဲ့ဖူအဖြစ် ဆာဂျရီလုပ်ပြောင်းလဲလိုက်ပြီး မုယွဲ့ဖူကို ပြန်မွေးဖွားစေခဲ့ပါတယ် မုယွဲ့ဖူတစ်ဖြစ်လဲ လျန်ယွင်ကဲတစ်ယောက် အစ်မဖြစ်သူအတွက် လက်စားချေပေးနိုင်ပါ့မလား?? စူးယိကရော မင်္ဂလာဆောင်ခါနီးမှ ပျောက်ဆုံးသွားတဲ့ ဇနီးလောင်းရဲ့ လျို့ဝှက်ချက်ကို ရှာတွေ့သွားနိုင်မလား??ဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ပျောက်ဆုံးသွားသော သတို့သမီး”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှု ခံစားလိုက်ရအောင်နော် Series