မှော်ဝင်ညတစ်ညမှာ မှော်ဆရာတစ်ယောက်ဟာ ပရိသတ်ရှေ့ လူရှေ့မှာ ပြကွက်တွေကိုတင်ဆက်နေရင်း လွဲချော်မှုတွေဖြစ်ပြီး လူသေသွားခဲ့ပါတယ်
ဒီအဖြစ်ကြောင့် ဆယ်နှစ်ထောင်ကျခံလိုက်ရတဲ့ဆရာကြီးကျန်းအန်းမင်မှာ လင်းယွီနဲ့ လျိုဖုန်းဆိုတဲ့ တပည့်နှစ်ယောက်ရှိပါတယ် တပည့်ကြီးဖြစ်သူ လင်းယွီဟာ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သူဖြစ်တာမို ဆရာ့ဆီက နေကြတ်ခြင်းပြကွက်ကို လိုချင်တဲ့အတွက် ဆရာဖြစ်သူကို ထောင်ထဲရောက်အောင်လုပ်ခဲ့တဲ့ အဓိကလက်သည်တရားခံလည်း ဖြစ်ပါတယ်
ဒါတွေကို သိနေတဲ့လျိုဖုန်းက ဆယ်နှစ်အကြာ ဆရာပြန်လွတ်လာချိန်မှာ ဒီအဖြစ်ကို လူတွေသိအောင် ဘယ်လိုထုတ်ဖော်မလဲ?
လျိုဖုန်းကရော နေကြတ်ခြင်းပြကွက်ကို အောင်မြင်စွာပြနိုင်ပြီး မှော်လောကရဲ့အရှင်သခင်ဖြစ်လာပါ့မလား?
ဆရာတစ်ယောက်တည်းရဲ့တပည့်တွေဖြစ်ကြပေမယ့် လောဘကြီးကောက်ကျစ်တဲ့လင်းယွီနဲ့ ဆရာ့အတွက် လက်စားချေပေးချင်တဲ့ လျိုဖုန်းတိုအကြားက အားပြိုင်မှုတွေ ဉာဏ်ဆင်မှုတွေကို ရင်တဖိုဖိုစောင့်ကြည့်ရမှာမို မင်မင်တို Yoyar Family က တင်ဆက်တဲ့ “မှော်လောကရဲ့ အရှင်သခင်”ဇာတ်လမ်းတွဲကို ဝင်ရောက်ကြည့်ရှုအားပေးဖို မမေ့ကြနဲ့ဦးနော်