“မိဘတွေကသားသမီးတွေအပေါ် တန်းတူချစ်ကြတယ်”တဲ့ ဒါမိဘတိုင်း ပြောနေကြစကားပါ ဒါပေမယ့် ဒီစကားက တချိုအတွက်တော့ လှောင်ပြုံးစရာ နာကျင်စရာဖြစ်နေတတ်တယ်
အဖေတစ်ယောက်တည်းက မွေးခဲ့တဲ့ သမီးချင်းအတူတူ အမြဲအပြစ်တင်ခံရ အနှိမ်ခံရတဲ့အပြင် နောက်ဆုံး ဖခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းပါခံလိုက်ရတဲ့ ချင်အိမ်တော်မမလေး ချင်ရှင်းဟာ အဖိုးဖြစ်သူဆုံးပါးပြီးကတည်းက ခိုကိုးရာမဲ့ဘဝနဲ့ မိသားစုရဲ့အနှိမ်ခံဖြစ်ခဲ့သူပါ မိုးရေတွေရွှစိုနေတဲ့ ဒီလေလွင့်ကြောင်လေးလိုဖြစ်နေတဲ့ ချင်ရှင်းရဲ့ ဘဝကို အနွေးဓာတ်ပေးဖို ရောက်လာတဲ့သူကတော့ ကျန်းအုပ်စုရဲ့ ဥက္ကဌကြီး ကျန်းမင်ဖြစ်ပါတယ်
အသက်၃၀ကျော်အထိ လူပျိုကြီးဘဝနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်နေခဲ့တဲ့ ဦးလေးကြီးနဲ့ နုနယ်ငယ်ရွယ်တဲ့ အပယ်ခံမလေး ချင်ရှင်းတို ဘယ်လိုတွေ တွေ့ဆုံကြမလဲ ချင်ရှင်းက ဦးလေးကြီးရင်ထဲ ဘယ်လိုနေရာဝင်ယူသွားမလဲဆိုတာကိုတော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “၃၀ကျော်အချစ်” ဇာတ်လမ်းမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် ကာကွယ်ပေးတတ်လွန်းတဲ့ဦးလေးကြီးရဲ့ ရိုရိုချိုချိုအချစ်တွေကိုမှ ရင်ခုန်ချင်တယ်ဆိုရင်တော့ နှစ်ခါမစဉ်းစားဘဲ အခုပဲ ဝင်ကြည့်လိုက်တော့နော်