“သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ်
ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန်
ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း
သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင်