အမုန်း၌ဖြစ်တည်သော အချစ် wai yan, April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Series
Series ချမ်းသာခြင်းနတ်ဘုရားမလေး April 9, 2025 ကောင်းကင်ဘုံပေါ်က အားလုံးရဲ့အချစ်ခံ ချမ်းသာခြင်းနတ်ဘုရားမလေးဟာ အရင်ဘဝကပျောက်ဆုံးသွားခဲ့တဲ့မိဘတွေကိုရှာဖွေဖို့ လူ့လောကကို ဆင်းလာခဲ့ပါတယ် လူ့လောကမှာတော့ မိဘတွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဖြစ်ကြသေးဘဲ ပင်ပန်းဆင်းရဲစွာ ဘဝကို ရုန်းကန်နေရရှာပါတယ် ဖခင်ဖြစ်သူချန်ကျန့်ကတော့ လက်ရှိမှာ စုန့်ဝိန်ယွီဆိုတဲ့ ချစ်သူကောင်မလေးကိုအမ်းဖို့ လုံခြုံရေးအစောင့်လုပ်ရင်း ပင်းပန်းစွာငွေရှာနေရပါတယ် မိခင်ဖြစ်သူလျိုချင်းယာကတော့ ဖန်းဟောက်အင်တာနေရှင်နယ်ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ အသားယူအနိုင်ကျင့်တာတွေ ခံနေရပါတယ် ဒီလိုမျိုး နိမ့်ပါးတဲ့အခြေအနေကိုရောက်နေတဲ့ဖခင်နဲ့ မိခင်ကို ချမ်းသာခြင်းနတ်ဘုရားမလေး ချိုက်ချိုက် ဘယ်လိုကယ်တင်ပေးမလဲဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ချမ်းသာခြင်းနတ်ဘုရားမလေး” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Read More