တခါတလေမှာ အချစ်ဟာ ဘဝထဲ တံခါးမခေါက်ဘဲ ဇွတ်တိုးဝင်လာတတ်ပါတယ် ပေကျင်းနံပါတ်တစ်အိမ်တော်ရဲ့အရှင်သခင်လေး လုံချုံကြွယ် ဘဝမှာ စီးပွားရေးကလွဲ ဘာမှ ခေါင်းထဲမထည့်ခဲ့တဲ့သူ၊ သစ်ရွက်လှုပ်တိုင်းစိတ်ကူးယဉ်ရမယ့် အရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ဥက္ကဌလုံရဲ့ဘဝထဲ မိန်းကလေးတစ်ယောက် ဝင်လာခဲ့တဲ့အချိန်မှာ သံမဏိနှလုံးသားကြီး ဘယ်လိုအရည် တွေပျော်သွားမလဲ လူမဆန်တဲ့ဦးလေးနဲ့အဒေါ်ရဲ့လက်မှာ ကြီးပြင်းခဲ့ရတဲ့ ဆယ်ကျော်သက်မလေး မုရွမ်ရွမ်ဟာ ပညာအရည်အချင်းလည်းနိမ့်ပြီး ကျောထောက် နောက်ခံလည်း မရှိသူမို့ ဦးလေးနဲ့အဒေါ်အိမ်ခိုကပ် နေရရာမှ တရုတ်မိန်းကလေးတွေရဲ့ထုံးစံအတိုင်း တင်တောင်းငွေရဖို့အဆင်တန်ဆာတစ်ခုအဖြစ် အသုံးချခံရလုဆဲဆဲအချိန်မှာ လူတစ်ယောက်နဲ့ မတော်တဆမှားမိပြီး ကိုယ်ဝန်ရသွားခဲ့ပါတယ် ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့မုရွမ်ရွမ်တစ်ယောက်ဘဝရှေ့ရေးအတွက် ဘယ်လိုဆုံးဖြတ်မလဲ အဲဒီအမျိုးသားကရော သူ့ကိုတာဝန်ယူပါ့မလား တည်ငြိမ်တဲ့ဦးလေးကြီးနဲ့ ဖြူစင်နုနယ်တဲ့ ဆယ်ကျော်သက်မလေးတို့ကြားမှာဖြစ်ပေါ်လာတဲ့ ရိုရိုချိုချိုချစ်မေတ္တာ ဇာတ်လမ်းလေးကို အသဲတယားယားနဲ့ စောင်ကိုက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဦးလေးကြီးဘယ်လောက်တောင် မိမိုက်နေပြီး မုရွမ်ရွမ်လေးဘယ်လောက်ချစ်စရာ ကောင်းလဲဆိုတာ သိချင်ရင်တော့ မင်မင်တို့ Yoyar Family ကတင်ဆက်ပေးနေတဲ့ “အချစ်မျက်ဝန်း” ဇာတ်လမ်းတွဲကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်