အချစ်ဆုံးလူက အမုန်းဆုံးလူဖြစ်သွားတဲ့အခါ ဘယ်လိုခံစားရမလဲ??
ကျန်းဟန့်ရှိန်းနဲ့ ယန်ချင်းတို့နှစ်ယောက်ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေ ဖြစ်ကြပေမယ့် ကျန်းဟန့်ရှိန်းတို့မိသားစု ဒေဝါလီခံသွားတဲ့အခါမှာတော့ ယန်ချင်းဟာ ဖခင်ဖြစ်သူရဲ့ဖိအားပေးမှုကြောင့် တခြားအိမ်တော်ကသူဌေးသားတစ်ယောက်နဲ့ စေ့စပ်လိုက်ရပါတယ်
မိမိရဲ့ကလေးကို ယန်ချင်းလွယ်ထားရတဲ့အကြောင်း မသိခဲ့ရတဲ့ ဟန့်ရှိန်းဟာ ယန်ချင်းဘက်က သစ္စာဖောက်သွားတယ်ဆိုပြီး စိတ်အနာကြီးနာကာ ယန်ချင်းအပေါ် မုန်းတီးပြီး လက်စားချေဖို့ ကြိုးစားခဲ့ပါတယ်
၅နှစ်အကြာ ကလေးကြီးပြင်းလာချိန်မှာတော့ မပြယ်သေးတဲ့အမုန်းတွေနဲ့ ဟန့်ရှိန်းတစ်ယောက် ယန်ချင်းကို ဘယ်လိုတွေ လက်စားချေဖို့ ကြိုးစားမလဲ?
ချိုလွန်းတဲ့အချစ်တွေ အမုန်းအဖြစ်ပြောင်းသွားတဲ့အချိန်မှာ ဘယ်လောက်တောင် ခါးသီးရလဲဆိုတာတွေကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အချစ်ချိုချို အမုန်းခါးခါး”ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်