လျိုဝှက်အဖော်မွန် wai yan, April 9, 2025 ဇာတ်လမ်းလေးကိုတော့ ထရန်းချင်းအုပ်စုဥက္ကဌကတော် စူးထုန်နဲ့ မွေးကင်းစသမီးလေးတို့ ဥက္ကဌနဲ့တွေ့ဖို့ ကားနဲ့လာရာက လုပ်ကြံခံရပုံနဲ့ အစပြုထားပါတယ် စူးထုန်တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေးချင်းအလဲခံရတဲ့အပြင် ဝိဉာဉ်ပါလွင့်ထွက်သွားခဲ့ရပါတယ် ၇နှစ်ကြာသွားတဲ့အထိ အမှန်တရားက မပေါ်ပေါက်နိုင်သေးဘဲ သမီးအရင်းမဟုတ်သူ ကျစ်ချင်က ရွှေဇွန်းကိုက်ပြီး ကြီးပြင်းနေရချိန် သမီးအရင်းဖြစ်သူ ရှောင်ရှီးမှာတော့ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရရှာပါတယ် သူဌေးသမီးဘဝကို အလုခံလိုက်ရတဲ့ ရှောင်ရှီးလေး ကိုယ့်ရဲ့ သရုပ်မှန်ကို ပြန်ရနိုင်ပါ့မလား? ကလေးချင်းလုသွားတဲ့သူတွေကရော ဘယ်သူတွေလဲ? အစားထိုးနေရာယူထားတဲ့ ကျစ်ချင်ကရော ဘာတွေဖြစ်လာမှာလဲ မွေးစကတည်းက အကောက်ကြံခံရရှာတဲ့ ရှောင်ရှီးလေးကို စူးထုန်ရဲ့ဝိဉာဉ်က ဘယ်လိုအဖော်ပြုစောင့်ရှောက်ပေးသွားမလဲဆိုတာ သိရှိချင်တယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “လျို့ဝှက်အဖော်မွန်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Series
Series ယောက္ခနဲ့ချွေးမကြားက အစိုင်အခဲ April 24, 2025 ဒီဇာတ်လမ်းလေးက မကြာခင်အိမ်ထောင်ပြုကြမယ့် မမတို့အတွက် alert လေးတစ်ခုဖြစ်ပါတယ် ချစ်သူအရွေးမှားတာက ကိစ္စမရှိပေမယ့် အိမ်ထောင်ဖက်အရွေးမှားရင်တော့ ဘဝတစ်လျှောက်လုံး ဒုက္ခတွေ့နိုင်ပါတယ် ကိုယ့်ဘက်ကအချစ်အတွက်ဆိုပြီး ဘဝရည်မှန်းချက်တွေစွန့်လွှတ်ပြီး ပေးဆပ်ခဲ့ပေမယ့် တစ်ဖက်မှာတော့ မိသားစုအကျိုးအမြတ်အတွက် ကိုယ့်ကို အသုံးချနေတဲ့အခါ… မိတ်ဆွေတို့ဆီမှာ သူငယ်ချင်းတွေ ဘယ်လိုတားတားမရဘဲ မကောင်းတဲ့သူမားမားဘွိုင်းကိုမှ တန်းတန်းစွဲဖြစ်နေတဲ့ သူငယ်ချင်းပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ယောက္ခမနဲ့ ချွေးမကြားကအစိုင်အခဲ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုသာ နားရွက်ဆွဲပြီး လာကြည့်ခိုင်းလိုက်တော့နော် Read More
Series အမုန်း၌ဖြစ်တည်သော အချစ် April 24, 2025April 24, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Read More