ထန်ရှောင်ယွဲ့ဟာ လောင်းကစားသမားယောက်ျား ကလေး၃ယောက်နဲ့အတူ ဘဝကို ပင်ပင်ပန်းပန်းရုန်းကန်နေရတဲ့ မိန်းကလေးတစ်ယောက်ပါ
ဖခင်ရဲ့အလိုကျ အချစ်ဦးကို စွန့်လွှတ်ပြီး ဖခင်ပေးစားတဲ့သူနဲ့ ယူခဲ့ပေမယ့် အိမ်ထောင်ရေးကံလည်း မကောင်းခဲ့ရှာပါဘူး ခင်ပွန်းဖြစ်သူဟာ ပိုက်ဆံအတွက် သားအရင်းကိုတောင် ပြန်ရောင်းစားဖို့ ကြံစည်ခဲ့တာမို့ သားသမီးဇောနဲ့ တားဆီးရင်း ထန်ရှောင်ယွဲ့တစ်ယောက် လမ်းမပေါ် လဲကျthayဆုံးသွားခဲ့ရပါတယ်
ဒီလိုနဲ့ပဲ မျက်စိတစ်မှိတ်အတွင်း အချိန်ကာလနှစ်နှစ်ဆယ်ကို ခုန်ကျော်ပြီး သားသမီးတွေအရွယ်ရောက်ချိန်ကာလကို ကူးပြောင်းလာတဲ့အခါ…
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သေဆုံးသွားတဲ့မိခင်ကို ငယ်ရွယ်နုပျိုနေသေးတဲ့ပုံစံနဲ့ တွေ့လိုက်ရတဲ့အခါ သားသမီးတွေက လက်ခံနိုင်ပါ့မလား?
ဖြည်ရခက်တဲ့မေတ္တာကြိုးမျှင်တွေက ရှောင်ယွဲ့ကို ဘယ်လိုများ ဆွဲချည်ထားကြဦးမှာလဲ?
အချစ်နဲ့အိမ်ထောင်ရေးအရှုပ်အထွေးတွေကြား ရုန်းကန်နေရတဲ့ ထန်ရှောင်ယွဲ့ရဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကြည့်ရှုခံစားနိုင်ဖို့အတွက် မင်မင်တို့ရဲ့ “မေတ္တာနှောင်ကြိုး”ဇာတ်လမ်းတွဲကို ရွေးချယ်လိုက်တော့နော်