အချစ်ဆိုတာ ရယူခြင်းလား ပေးဆပ်ခြင်းလား အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အချို့လူတွေအတွက်တော့ အချစ်ဆိုတာ အကျိုးအမြတ်တစ်ခုအဖြစ် အသုံးချစရာဖြစ်နေတတ်တယ် ပိုင်ကျယ်ဆိုတဲ့မိန်းကလေးဟာ ယောက်ျားတွေကို အသုံးချစရာတစ်ခုလိုသဘောထားပြီး သိုက်တူးလေ့ရှိပါတယ် လက်ရှိခင်ပွန်းသည် ရှောင်းလိန်အပေါ်ဖောက်ပြန်တဲ့အပြင် ခင်ပွန်းသည်ရဲ့ စည်းစိမ်ကို ရလိုတဲ့အတွက် ခင်ပွန်းသည်ကို အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲလာတဲ့အခါ…
ကျူးလွန်တဲ့သူက နစ်နာသူအဖြစ်ဟန်ဆောင်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ
ရှောင်းလိန်ကရော ဒီစွပ်စွဲမှုကနေ ဘယ်လိုရှောင်လွှဲမလဲ
သဲကိုးဖြာမကတဲ့မာယာတွေနဲ့ မာယာရှင်မလေး ပိုင်ကျယ်ရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေနဲ့ ဇာတ်လမ်းအလှည့်အပြောင်းများစွာကို မင်မင်တို့ Yoyar Familyက တင်ဆက်တဲ့ “မာယာရှင်သူမ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ရင်ခုန်စွာစောင့်ကြည့်ခံစားနိုင်ပြီပဲ ဖြစ်ပါတယ်