မရှိထိုက်တဲ့သားမိုက် wai yan, April 9, 2025April 10, 2025 “ကျွန်ယုံရင်တစ်ဖက်ကန်း၊ သားသမီးယုံရင် စုံလုံးကန်း” ဆိုတဲ့စကားပုံဟာ ကျေးတောရွာက သားတစ်ယောက်အမေမုဆိုးမ လျိုကွေ့ဟွားအတွက် ဖြစ်နေခဲ့ပါတယ် နာမည်ကသာ လှပတဲ့ကွေ့ဟွားပန်း(ပင်လုံးက်ြိုင်ပန်းလေး)ဖြစ်နေပေမယ့် လျိုကွေ့ဟွားရဲ့ ဘဝကတော့ မလှပခဲ့ပါဘူး သားဖြစ်သူ လျိုတုံးယန်ကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရင်း သားဖြစ်သူပညာသင်စရိတ်အတွက် ကေ ျာက်ကပ်ထုတ်ရောင်းလိုက်၊ မျက်ကြည်လွှာရောင်းလိုက်၊ သွေ းလှူလိုက်လုပ်ရင်း သားဖြစ်သူကို ပညာသင်ပေးခဲ့ပါတယ် ဒါပေမယ့် သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့ မိခင်ဖြစ်သူကို ပြန်မပြုစုတဲ့အပြင် မိခင်အဖြစ်ပါအသိအမှတ်မပြုခဲ့ပါဘူး တစ်ဖက်မှာလည်း တိကျင်းအုပ်စုဥက္ကဌ လျိုရှန့်နန်ဟာ မွေးစားအမေဖြစ်သူ လျိုကွေ့ဟွားကို ရှာဖွေဖို့ ကျန်းချန်မြို့ကိုရောက်လာခဲ့ပါတယ် လမ်းပေါ်အမှတ်မထင်ကယ်တင်ခြင်းခံခဲ့ရတာမို့ သူတို့နှစ်ဦးကြားက အဆက်အသွယ်အဖြစ် ကျောက်စိမ်းပြားလေးသာ ရှိခဲ့ပါတယ် သားဖြစ်သူရဲ့အသိအမှတ်မပြုခံရတဲ့လျိုကွေ့ဟွားတစ်ယောက် ချွေးမလုပ်သူရဲ့ ဘယ်လိုအငြိုးထားနှိ.ပ်စက်ခြင်းခံရမလဲ?? မိခင်နဲ့ စည်းစိမ်ကြား ဝေခွဲမရဖြစ်နေတဲ့ မရှိထိုက်တဲ့သားမိုက် လျိုတုံးယန်ကရော အဆုံးထိ မိခင်ကို လစ်လျူရှုထားဦးမလားဆိုတာ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “မရှိထိုက်တဲ့သားမိုက်” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါပြီ Series
Series စစ်မှန်သောဖူးစာရှင် May 3, 2025 မိသားစုရဲ့ဖိအားကြောင့် စိတ်ညစ်နေချိန် သူငယ်ချင်းတွေစီစဉ်မှုကြောင့် d.a.t.e girl နဲ့ တွေ့ဖို့ဟိုတယ်လာတဲ့ ဟဲဝမ်ကျင်း အဘိုးလုပ်သူက စီစဉ်ပေးတဲ့ အသက်ကြီးကြီး ဟဲဥက္ကဌနဲ့ လက်မထပ်ချင်လို့ အငှားသရုပ်ဆောင်ရှာပြီး လက်ထပ်မယ့် ရှီနင်နင် အလွဲအချော်တွေဖြစ်ပြီး နှစ်ဦးသား ဆုံမိသွားကြရာမှ လက်ထပ်ဖြစ်သွားခဲ့ကြပါတယ် နှစ်ဖက်မိဘတွေ စီစဉ်ပေးထားကြတာလည်း သူတို့နှစ်ဦးကိုပဲဆိုတာကိုတော့ ဟဲဝမ်ကျင်းရော ရှီနင်နင်ပါ မသိကြသေးပါဘူး ဒါဖြင့် သူတို့နှစ်ဦးဘယ်လိုမျိုး တစ်ယောက်နဲ့တစ်ယောက် သိလာကြမလဲ? အဖြစ်မှန်ကို သိနေတဲ့ ရှီနင်နင်ရဲ့ဘိုးဘိုးကရော ဘာတွေစီစဉ်ပေးမလဲ? မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “စစ်မှန်သော ဖူးစာရှင်” ဇာတ်လမ်းတွဲလေးထဲမှာ ရင်ခုန်ခံစားကြည့်လိုက်ကြရအောင် Read More
Series မှော်လောကရဲ့အရှင်သခင် April 9, 2025April 23, 2025 မှော်ဝင်ညတစ်ညမှာ မှော်ဆရာတစ်ယောက်ဟာ ပရိသတ်ရှေ့ လူရှေ့မှာ ပြကွက်တွေကိုတင်ဆက်နေရင်း လွဲချော်မှုတွေဖြစ်ပြီး လူသေသွားခဲ့ပါတယ် ဒီအဖြစ်ကြောင့် ဆယ်နှစ်ထောင်ကျခံလိုက်ရတဲ့ဆရာကြီးကျန်းအန်းမင်မှာ လင်းယွီနဲ့ လျိုဖုန်းဆိုတဲ့ တပည့်နှစ်ယောက်ရှိပါတယ် တပည့်ကြီးဖြစ်သူ လင်းယွီဟာ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သူဖြစ်တာမို ဆရာ့ဆီက နေကြတ်ခြင်းပြကွက်ကို လိုချင်တဲ့အတွက် ဆရာဖြစ်သူကို ထောင်ထဲရောက်အောင်လုပ်ခဲ့တဲ့ အဓိကလက်သည်တရားခံလည်း ဖြစ်ပါတယ် ဒါတွေကို သိနေတဲ့လျိုဖုန်းက ဆယ်နှစ်အကြာ ဆရာပြန်လွတ်လာချိန်မှာ ဒီအဖြစ်ကို လူတွေသိအောင် ဘယ်လိုထုတ်ဖော်မလဲ? လျိုဖုန်းကရော နေကြတ်ခြင်းပြကွက်ကို အောင်မြင်စွာပြနိုင်ပြီး မှော်လောကရဲ့အရှင်သခင်ဖြစ်လာပါ့မလား? ဆရာတစ်ယောက်တည်းရဲ့တပည့်တွေဖြစ်ကြပေမယ့် လောဘကြီးကောက်ကျစ်တဲ့လင်းယွီနဲ့ ဆရာ့အတွက် လက်စားချေပေးချင်တဲ့ လျိုဖုန်းတိုအကြားက အားပြိုင်မှုတွေ ဉာဏ်ဆင်မှုတွေကို ရင်တဖိုဖိုစောင့်ကြည့်ရမှာမို မင်မင်တို Yoyar Family က တင်ဆက်တဲ့ “မှော်လောကရဲ့ အရှင်သခင်”ဇာတ်လမ်းတွဲကို ဝင်ရောက်ကြည့်ရှုအားပေးဖို… Read More