“အချစ်” နဲ့ “ဝါသနာ” ယှဉ်လာတဲ့အခါမှ မင်မင်တို့ စိတ်ထွေပြားသွားတတ်ကြလေ့ရှိပါတယ် စုန့်ရှောင်ချွမ်းဟာ ဘိလိယက်လောကရဲ့ဘုရင်တစ်ဆူဖြစ်ပြီးတော့ ချန်ပီယံဆုကို အခါခါရရှိထားသူဖြစ်ပါတယ် ဘိလိယက်ကို အရူးအမူးဖြစ်ပြီး ဘိလိယက်လောကထဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသူမို့ ဘိလိယက်နတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်ကိုပါ ရရှိထားသူဖြစ်ပါတယ် သို့သော်လည်း ချန်ပီယံဆုအတွက် ဗိုလ်လုပွဲဝင်မပြိုင်ခင်တစ်ရက်မှာ ချစ်ရသူ လင်းရိုရိုက ပြိုင်ပွဲကို အရှုံးပေးဖို့အတွက် တောင်းဆိုလာခဲ့ပါတယ်
တစ်ဖက်မှာ မိမိအသက်တမျှချစ်ရသူမိန်းကလေး တစ်ဖက်မှာလည်း မိမိဘဝတစ်လျှောက်လုံး နှစ်မြှုပ်ခဲ့တဲ့မိမိဝါသနာ ဒီနှစ်ခုကြားမှာ ဘိလိယက်နတ်ဘုရားချွမ်းတစ်ယောက် ဘယ်လိုရွေးချယ်သွားမလဲ? ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရမလဲ? ဆိုတာတွေကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ဘိလိယက်ချန်ပီယံ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်