ပရိသတ်တို့ထဲမှာ ပညာရေးထူးချွန်ပါလျက်နဲ့ မိသားစုအတွက် တက်လမ်းကို လက်လွှတ်ခဲ့ဖူးတဲ့သူတွေရှိလား?? တကယ်လို့ ရှိခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းလေးက မိတ်ဆွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေမှာပါ
ကျန်းဖျင်ဟာ သင်္ချာမှာ သူမတူအောင် ထူးချွန်တဲ့ပါရမီနဲ့ မွေးဖွားလာခဲ့တဲ့ကျောင်းသူလေးဖြစ်ပေမယ့် မိသားစုအတွက် အနစ်နာခံပြီး ခရိုင်ရဲ့အဆင့်အနိမ့်ဆုံး သက်မွေးအလယ်တန်းကျောင်း တက်နေတဲ့သူလေးဖြစ်ပါတယ် ခြေတစ်ဖက်မသန်တဲ့အဖေ ကျောင်းနေရတော့မယ့်ညီမလေးကိုငဲ့ပြီး ပညာရေးညံ့ဟန်ဆောင်ကာ ဘာသာတိုင်းမှာ အောင်မှတ်ဖိုးပဲ ဖြေခဲ့တဲ့သူ့အတွက် တစ်နေ့မှာ မထင်မှတ်ဘဲ အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါတော့တယ် အဲဒီအခွင့်အလမ်းကတော့ “တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ” ဝင်ခွင့်ဖြစ်ပါတယ်
ပြိုင်ပွဲမှာ အနိုင်ရရင် ဖခင်နဲ့ ညီမလေးတင်မကဘူး မိမိဘဝပါ အဆင်ပြေချောမွေ့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကို ကျန်းဖျင်ဘယ်လိုအားစိုက်ပြီးပြိုင်မလဲ?
တာ့ရှားခရိုင်ရဲ့ အနိမ့်ဆုံးကျောင်းမှာတောင် အနိမ့်ဆုံးအမှတ်ရနေကျကျောင်းသူတစ်ယောက်က တာ့ရှားကိုယ်စားပြုပြီး နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ ရလဒ်ကောင်းပါ့မလား??
ပြိုင်ပွဲရလဒ်အပြောင်းအလဲကို ရင်တဖိုဖိုစောင့်ကြည့်ရင်း ထူးခြားတဲ့သင်္ချာသီအိုရီတွေကို စိတ်ဝင်တစားကြည့်ရှုခွင့်ရမှာမို့ မင်မင်တို့ Yoyar Family ကတင်ဆက်တဲ့ “ပါရမီရှင်ကျောင်းသူလေး”ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော်