ပန်းနှစ်ပွင့်ရဲ့ဖြစ်တည်မှု wai yan, April 26, 2025April 30, 2025 ရှီချီးဇာတ်လမ်းသစ်လေးဖြစ်တဲ့ ပန်းနှစ်ပွင့်ရဲ့ ဖြစ်တည်မှု အပိုင်း ၆ ထိရှိပါတယ်။ ဇာတ်လမ်းအကျဉ်း အမြဲရိုတဲ့ဇာတ်လမ်းတွေရိုက်လေ့ရှိတဲ့ ရှီချီးက အခုတစ်ခါမှာတော့ မတူကွဲပြားတဲ့ ဇာတ်လမ်းလေးနဲ့ပွဲထွက်လာခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောင်္ကျားကို ပညာပေးတဲ့ပုံစံမျိုးဖြစ်ပြီး မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင် ရပြီး ဖျာလိုခင်း ဆိုတဲ့စကားအတိုင်းလုပ်တတ်တဲ့ ယောင်္ကျားတစ်ချို့ ကို Lesson ကြီးကြီးပေးထားတဲ့ဇာတ်လမ်းမျိုး ဖြစ်လို့ ရိုတာလည်းပါသလို ရှီချီးရဲ့ Lesson အမိုက်စားတွေကို တွေ့ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ Yoyar ဖန်လေးများ အတွက် ဘဝအမောတွေခနတာပြေပျောက်နိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ ပန်းနှစ်ပွင့်ရဲ့ ဖြစ်တည်မှု အပိုင်း ( ၁+၂ )ကြည့်မယ်ပန်းနှစ်ပွင့်ရဲ့ ဖြစ်တည်မှု အပိုင်း ( ၃+၄ )ကြည့်မယ်ပန်းနှစ်ပွင့်ရဲ့ ဖြစ်တည်မှု အပိုင်း ( ၅+၆ )ကြည့်မယ် Free Trending
Series မေတ္တာနှောင်ကြိုး April 30, 2025 ထန်ရှောင်ယွဲ့ဟာ လောင်းကစားသမားယောက်ျား ကလေး၃ယောက်နဲ့အတူ ဘဝကို ပင်ပင်ပန်းပန်းရုန်းကန်နေရတဲ့ မိန်းကလေးတစ်ယောက်ပါ ဖခင်ရဲ့အလိုကျ အချစ်ဦးကို စွန့်လွှတ်ပြီး ဖခင်ပေးစားတဲ့သူနဲ့ ယူခဲ့ပေမယ့် အိမ်ထောင်ရေးကံလည်း မကောင်းခဲ့ရှာပါဘူး ခင်ပွန်းဖြစ်သူဟာ ပိုက်ဆံအတွက် သားအရင်းကိုတောင် ပြန်ရောင်းစားဖို့ ကြံစည်ခဲ့တာမို့ သားသမီးဇောနဲ့ တားဆီးရင်း ထန်ရှောင်ယွဲ့တစ်ယောက် လမ်းမပေါ် လဲကျthayဆုံးသွားခဲ့ရပါတယ် ဒီလိုနဲ့ပဲ မျက်စိတစ်မှိတ်အတွင်း အချိန်ကာလနှစ်နှစ်ဆယ်ကို ခုန်ကျော်ပြီး သားသမီးတွေအရွယ်ရောက်ချိန်ကာလကို ကူးပြောင်းလာတဲ့အခါ… လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သေဆုံးသွားတဲ့မိခင်ကို ငယ်ရွယ်နုပျိုနေသေးတဲ့ပုံစံနဲ့ တွေ့လိုက်ရတဲ့အခါ သားသမီးတွေက လက်ခံနိုင်ပါ့မလား? ဖြည်ရခက်တဲ့မေတ္တာကြိုးမျှင်တွေက ရှောင်ယွဲ့ကို ဘယ်လိုများ ဆွဲချည်ထားကြဦးမှာလဲ? အချစ်နဲ့အိမ်ထောင်ရေးအရှုပ်အထွေးတွေကြား ရုန်းကန်နေရတဲ့ ထန်ရှောင်ယွဲ့ရဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကြည့်ရှုခံစားနိုင်ဖို့အတွက် မင်မင်တို့ရဲ့ “မေတ္တာနှောင်ကြိုး”ဇာတ်လမ်းတွဲကို ရွေးချယ်လိုက်တော့နော် Read More
Series ပြိုင်ဘက်ကင်း နတ်ဆေးဆရာ April 30, 2025May 1, 2025 “ကျေးဇူးရှိလို့ ကျေးစွပ်တာ”ဆိုတဲ့စကားဟာ နယ်ဆရာဝန်လေး လီယုံအတွက်တော့ thwayထွက်အောင်မှန်နေပါတယ် လီယုံဟာတိုင်းရင်းသမားတော်တစ်ယောက်ဖြစ်ပြီး မိမိနေထိုင်တဲ့ရပ်ရွာကို ဆေးဝါးနဲ့ အကျိုးပြုနေသူဖြစ်ပါတယ် ငွေကြေးမတတ်နိုင်သူရော တတ်နိုင်သူကပါ ဆေးဖိုးဝါးခအကြွေးထားကြတဲ့အတွက် ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး လီယုံရဲ့ဇနီးဖြစ်သူက လီယုံကို ကွာရှင်းသွားခဲ့ပါတယ် ထိုအခါ သမီးဖြစ်သူကို ကျောင်းထားနိုင်ဖို့ လီယုံတစ်ယောက် ဆေးဖိုးဝါးခအကြွေးတောင်းထွက်ရပါတော့တယ် “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း”တဲ့ ရစရာရှိတဲ့ဆေးဖိုးဝါးခအကြွေးတွေ ပြန်တောင်းတဲ့အခါမှာတော့ ကျေးဇူးကန်းတတ်တဲ့ လူ့သဘာဝကို လီယုံတစ်ယောက် ကိုယ်တွေ့ကြုံရပါပြီ မိမိအသက်ကယ်ပေးခဲ့တဲ့ကျေးဇူးတရားကိုမထောက်ဘဲ အုပ်စုလိုက်ချောက်ချပြီး တရားပြန်စွဲတာကို ရင်ဆိုင်ရတဲ့အခါ… ဒီ”ပြိုင်ဖက်ကင်းနတ်ဆေးဆရာ”ဆိုတဲ့ဇာတ်လမ်းလေးကို မင်မင်တို့ Yoyar Family ကနေ တင်ဆက်နေပြီမို့လို့ အမြန်ဆုံး ဝင်ကြည့်ဖို့ မမေ့လိုက်နဲ့နော် Read More