Series အမုန်း၌ဖြစ်တည်သော အချစ် April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Read More
Series ပါရမီရှင်ကျောင်းသူလေး April 24, 2025 ပရိသတ်တို့ထဲမှာ ပညာရေးထူးချွန်ပါလျက်နဲ့ မိသားစုအတွက် တက်လမ်းကို လက်လွှတ်ခဲ့ဖူးတဲ့သူတွေရှိလား?? တကယ်လို့ ရှိခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းလေးက မိတ်ဆွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေမှာပါ ကျန်းဖျင်ဟာ သင်္ချာမှာ သူမတူအောင် ထူးချွန်တဲ့ပါရမီနဲ့ မွေးဖွားလာခဲ့တဲ့ကျောင်းသူလေးဖြစ်ပေမယ့် မိသားစုအတွက် အနစ်နာခံပြီး ခရိုင်ရဲ့အဆင့်အနိမ့်ဆုံး သက်မွေးအလယ်တန်းကျောင်း တက်နေတဲ့သူလေးဖြစ်ပါတယ် ခြေတစ်ဖက်မသန်တဲ့အဖေ ကျောင်းနေရတော့မယ့်ညီမလေးကိုငဲ့ပြီး ပညာရေးညံ့ဟန်ဆောင်ကာ ဘာသာတိုင်းမှာ အောင်မှတ်ဖိုးပဲ ဖြေခဲ့တဲ့သူ့အတွက် တစ်နေ့မှာ မထင်မှတ်ဘဲ အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါတော့တယ် အဲဒီအခွင့်အလမ်းကတော့ “တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ” ဝင်ခွင့်ဖြစ်ပါတယ် ပြိုင်ပွဲမှာ အနိုင်ရရင် ဖခင်နဲ့ ညီမလေးတင်မကဘူး မိမိဘဝပါ အဆင်ပြေချောမွေ့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကို ကျန်းဖျင်ဘယ်လိုအားစိုက်ပြီးပြိုင်မလဲ? တာ့ရှားခရိုင်ရဲ့ အနိမ့်ဆုံးကျောင်းမှာတောင် အနိမ့်ဆုံးအမှတ်ရနေကျကျောင်းသူတစ်ယောက်က တာ့ရှားကိုယ်စားပြုပြီး နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ… Read More