ချမ်းသာခြင်းနတ်ဘုရားမလေး wai yan, April 9, 2025 ကောင်းကင်ဘုံပေါ်က အားလုံးရဲ့အချစ်ခံ ချမ်းသာခြင်းနတ်ဘုရားမလေးဟာ အရင်ဘဝကပျောက်ဆုံးသွားခဲ့တဲ့မိဘတွေကိုရှာဖွေဖို့ လူ့လောကကို ဆင်းလာခဲ့ပါတယ် လူ့လောကမှာတော့ မိဘတွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဖြစ်ကြသေးဘဲ ပင်ပန်းဆင်းရဲစွာ ဘဝကို ရုန်းကန်နေရရှာပါတယ် ဖခင်ဖြစ်သူချန်ကျန့်ကတော့ လက်ရှိမှာ စုန့်ဝိန်ယွီဆိုတဲ့ ချစ်သူကောင်မလေးကိုအမ်းဖို့ လုံခြုံရေးအစောင့်လုပ်ရင်း ပင်းပန်းစွာငွေရှာနေရပါတယ် မိခင်ဖြစ်သူလျိုချင်းယာကတော့ ဖန်းဟောက်အင်တာနေရှင်နယ်ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ အသားယူအနိုင်ကျင့်တာတွေ ခံနေရပါတယ် ဒီလိုမျိုး နိမ့်ပါးတဲ့အခြေအနေကိုရောက်နေတဲ့ဖခင်နဲ့ မိခင်ကို ချမ်းသာခြင်းနတ်ဘုရားမလေး ချိုက်ချိုက် ဘယ်လိုကယ်တင်ပေးမလဲဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ချမ်းသာခြင်းနတ်ဘုရားမလေး” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Series
Series လေပြေကလေး April 10, 2025April 24, 2025 ကျန်းဝမ်ဟာ ကျန်းအုပ်စုရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယောက်ျားတွေကို အားမကိုးဘဲ မိမိအစွမ်းအစနဲ့ စီးပွားရေးကိုပဲ တစိုက်မတ်မတ်ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပါ ကျန်းဝမ်ဟာ အလုပ်ဆွေးနွေးပွဲတစ်ခုမှာ အမူးလွန်သွားရာက သူစိမ်းယောက်ျားတစ်ယောက်နဲ့ အတူနေမိသွားခဲ့ပါတယ် နောက်တစ်နေ့ ကျိအုပ်စုဆီ အလုပ်ကိစ္စ သွားဆွေးနွေးရင်းမှ မိမိနဲ့အလုပ်ကိစ္စ အကျိုးတူပူးပေါင်းမယ့် တစ်ဖက်ကုမ္ပဏီဥက္ကဌဟာ မနေ့ညက အတူအိပ်မိခဲ့တဲ့ အမျိုးသားဖြစ်နေမှန်းသိလိုက်ရပါတယ် အရည်အချင်းရှိပြီး ဩဇာကြီးတဲ့ဥက္ကဌနဲ့ ထက်မြက်ပြီး ကိုယ့်ထူးကိုယ်ချွန်လိုတဲ့ ကျန်းဝမ်တို့ကြား အချစ်လေပြေလေး သိမ်သိမ်မွေ့မွေ့ တိုးဝင်လာတဲ့အခါ… Read More