သာမန်အခြေခံလူတန်းစားလေးရှယိုးဟာမကျန်းမာတဲ့မိခင်လောင်းကစားသမားဖခင်တို့အတွက်ဘဝကိုခက်ခက်ခဲခဲရုန်းကန်ရင်းရှင်သန်နေရသူလေးဖြစ်ပါတယ်ရသမျှလုပ်အားခအားလုံးဖခင်ဖြစ်သူကကြိုကြိုထုတ်သွားတဲ့အတွက်လုပ်ငန်းခွင်မှာလည်းအနှိမ်ခံရ၊မကြာခဏအလုပ်ထုတ်ခံရပါတယ်
တစ်နေ့မှာတော့ သူဌေးအိမ်တစ်အိမ်မှ အိမ်အကူအလုပ်အတွက် အချိတ်အဆက်ရသွားခဲ့ပါတယ် အိမ်ပိုင်ရှင် လင်ဇီယန်ဟာ မျက်မမြင်တစ်ယောက်ဖြစ်ပြီး ဂျီးများရုံမက ဆတ်ဆတ်ထိမခံသူတစ်ဦးလည်း ဖြစ်ပါတယ် အကဲဆတ်လွန်းတဲ့လင်ဇီယန်ဟာ သူ့ကို မျက်မမြင်လိုသဘောမထားဘဲ ပုံမှန်အတိုင်းဆက်ဆံတဲ့ရပ်ဝန်းတစ်ခု အလွန်လိုချင်နေရှာပါတယ် ရှယိုးနဲ့ တွေ့ဆုံပြီးနောက် သူလိုချင်တဲ့ရပ်ဝန်းတစ်ခု ရှယိုးမှာ ရှာတွေ့သွားတဲ့အခါ…
ဒီဇာတ်လမ်းလေးကိုတော့ မင်မင်တို့ Yoyar Family ကနေ “ခိုင်မြဲသောလက်တွဲဖော်“ဆိုတဲ့နာမည်နဲ့ တင်ဆက်ပေးနေတာမို့လို့ အခုပဲ ဝင်ကြည့်လိုက်ရအောင်နော်